20th Anniversary Ceremony (Myitkyina)

20th Anniversary Ceremony (Myitkyina)
20th Anniversary Ceremony (Myitkyina)

May 26, 2020

20th Anniversary Ceremony (Myitkyina)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ငြိမ်းဖောင်ဒေးရှင်း ပင်မရုံး၌ ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀) နာရီတွင် ငြိမ်းဖောင်ဒေးရှင်း နှစ် (၂၀) ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ဆုတောင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်မရုံးရှိ ဝန်ထမ်းများ၊ Zoom Conferencing ဖြင့်ပါဝင်သည့် ပင်မရုံးဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ငြိမ်းဖောင်ဒေးရှင်း ကချင်ပြည်နယ်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဦးဇော်ရှန်က အဖွဲ့အစည်းအပေါ် ဝန်ထမ်းများအနေဖြင့် ထားရှိရမည့် သဘောထားအမြင်နှင့် ခွန်အားပေးစကား ပြောကြားပေးခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်း ရုံးများအားလုံး၊ ဝန်ထမ်းများအားလုံးအတွက် အထူးဆုတောင်းပေးခဲ့ပါသည်။ ထို့နောက် အခမ်းအနားအား မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ပြီး အောင်မြင် ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။