2020 Staff Forum

2020 Staff Forum
2020 Staff Forum

Dec 12, 2020

2020 Staff Forum

ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ (Annual Staff Forum) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက် ၈ ရက်နှင့် ၁၀ ရက်နေ့တို့၌ Zoom Application ကို အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငြိမ်းဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်လ်ဂျာနန်က အဖွင့်အမှာစကားပြောကြားစဉ်

နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲသို့ ငြိမ်းဖောင်ဒေးရှင်း၏ အကြံပေးဘုတ်အဖွဲ့မှ ဆရာကြီး၊ ဆရာမကြီးများ၊ ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်အကြံပေးအဖွဲ့များမှ ဆရာကြီး၊ ဆရာမကြီးများ၊ ငြိမ်းရုံးစိုက်ရာ နေရာဒေသအသီးသီးမှ ငြိမ်းမိသားစုဝင် ဝန်ထမ်းများ စုစုပေါင်း (၁၅၅) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။  

ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ် သဘာပတိ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က ငြိမ်းမိသားစုဝင်များအား အားပေးစကားပြောကြားစဉ်

နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲတွင် အကြံပေးဘုတ်အဖွဲ့ဝင်များမှ ငြိမ်းမိသားစုဝင်များအတွက် ခွန်အားပေးစကားများပြောကြားခြင်း၊ ငြိမ်းဖောင်ဒေးရှင်း၏ အစီအစဉ်များ၊ စီမံကိန်းများ၊ ဌာနနှင့် ဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ အကြောင်းအရာများကို တင်ပြဆွေးနွေးခြင်း၊ တစ်နှစ်တာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်မှုအစီအစဉ်များ ဆောင်ရွက်ခြင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အခြေအနေကို ရှင်းလင်းတင်ပြခြင်း၊ တက်ကြွလှုပ်ရှားအစီအစဉ်များနှင့် ခရစ္စမတ်ဆုတောင်းခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ 

ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင် ဆရာမကြီး ဒေါ်ဥမ္မာတင်က ငြိမ်းမိသားစုဝင်များကို
အားပေးစကားပြောကြားစဉ်
၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများ
ငြိမ်းနှစ် (၂၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသီချင်းအား ငြိမ်းမိသားစုဝင်များ ပျော်ရွှင်စွာ အတူတကွ သီဆိုကြစဉ်
၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများ
၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများ
၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများ
၂၀၂၀ ပြည့်နှစ် ငြိမ်းဖောင်ဒေးရှင်း နှစ်ပတ်လည် ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများ
ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင် သိက္ခာတော်ရဦးစောရွှေလင်းက ငြိမ်းမိသားစုဝင်များအတွက်
ခရစ္စမတ် ဆုမွန်ကောင်းတောင်းပေးနေစဉ်
ငြိမ်းမိသားစုဝင်များ ခရစ္စမတ်သီချင်းများကို ပျော်ရွှင်စွာ အတူတကွ သီဆိုကြစဉ်