2nd Quarterly Meeting – Sone Yat (Kayah)

2nd Quarterly Meeting – Sone Yat (Kayah)
2nd Quarterly Meeting – Sone Yat (Kayah)

Dec 30, 2020

2nd Quarterly Meeting – Sone Yat (Kayah)

ကယားပြည်နယ် လွတ်တော်ရုံးနှင့် ငြိမ်းဖောင်ဒေးရှင်းတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀) ရက်တွင် နံနက် (၁၀) မှ (၁၂) နာရီထိ Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ဆုံရပ်စီမံကိန်းက စီစဉ်ပြုလုပ်ခဲ့ပါသည်။

အစီအစဉ်တွင် ကယားပြည်နယ် လွတ်တော်ရုံး၊ အစိုးရရုံးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ငြိမ်းဖောင်ဒေးရှင်း ကယားပြည်နယ် အကြံပေးဘုတ်အဖွဲ့ဝင်နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပါဝင်တက်ရောက်ခဲ့ပါသည်။

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေး၏ ရည်ရွယ်ချက်နှင့် ဆုံရပ်စီမံကိန်းအကြောင်း အကျဉ်းကို ငြိမ်းဖောင်ဒေးရှင်းမှ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်က ရှင်းလင်းတင်ပြခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းမှ ကယားပြည်နယ်တာဝန်ခံ ခူးလော်ရယ်က ဆုံရပ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ပြီးမြောက်မှု အခြေအနေများကို တင်ပြခဲ့ပါသည်။

ဆက်လက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်သည့် အစီအစဉ်၏ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာက ဆုံရပ်စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီးနောက် အထွေထွေ ဆွေးနွေးမှုများ ပြုုလုပ်ခဲ့ပါသည်။

ငြိမ်းဖောင်ဒေးရှင်း၏ အကြံပေးဘုတ်အဖွဲ့ဝင်ဟောင်း ဖြစ်သော ဦးစဲရယ်လှဖေက ကျေးဇူးတင်စကားပြောကြားကာ ဤအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။