Dec 30, 2020
ဆုံရပ်စီမံကိန်းမှ တတိယအကြိမ် ဆုံရပ်စကားဝိုင်း (ကရင်ပြည်နယ်) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်၊ ကြာသပတေးနေ့၊ နံနက် (၉) မှ ညနေ (၄) နာရီထိ Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းတွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရရုံးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာမ၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၊ ငြိမ်းဖောင်ဒေးရှင်း၏ ပြည်နယ်အကြံပေးအဖွဲ့ (ကရင်ပြည်နယ်)၊ ကရင်စာပေနှင့်ယဥ်ကျေးမှု ကော်မတီ၊ မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီ၊ ဂယ်ဘား ကရင်ရေးရာကော်မတီ၊ ပအိုဝ့်စာပေနှင့်ယဥ်ကျေးမှုကော်မတီ၊ လူငယ်အဖွဲ့နှင့် အမျိုးသမီးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ တက်ရောက် ပါဝင်ခဲ့ကြသည်။
ဤဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူမှုရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားရေးရာ အခွင့်အရေးနှင့်ပတ်သက်ပြီး ပြည်သူတို့ သိရှိနားလည်ထားရမည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ဆောင်နေသည့် လုပ်ငန်းများကို သင်ယူလေ့လာခြင်းနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များအား အလွတ်သဘော ဖလှယ်ဆွေးနွေးနိုင်ရန် ဖြစ်ပါသည်။