4th Monthly Dialogue – Sone Yat (Kayah)

4th Monthly Dialogue – Sone Yat (Kayah)
4th Monthly Dialogue – Sone Yat (Kayah)

Dec 30, 2020

4th Monthly Dialogue – Sone Yat (Kayah)

ဆုံရပ်စီမံကိန်းမှ စတုတ္ထအကြိမ် ဆုံရပ်စကားဝိုင်း (ကယားပြည်နယ်) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ အင်္ဂါနေ့၌ နံနက် (၉) မှ ညနေ (၄) နာရီထိ Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။

နံနက်ခင်းပိုင်း အစီအစဉ်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရပ်မိရပ်ဖများမှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေဆိုင်ရာ ကိစ္စရပ်များအား လေ့လာခဲ့ကြပါသည်။

မွန်းလွဲပိုင်းအစီအစဉ်တွင် ငြိမ်းဖောင်ဒေးရှင်းမှ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က အမှာစကားပြောကြားခြင်းနှင့် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ 

ယင်းနောက် အတွင်းရေးမှူးက ရှင်းလင်းတင်ပြချက်များကို အလွတ်သဘော အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ အစီအစဉ်တွင် ကယားပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ အရပ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဤအစီအစဉ်ကို ကယားပြည်နယ်အစိုးရမှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များအား အလွတ်သဘော ဖလှယ်ဆွေးနွေးခြင်းမှ လေ့လာသင်ယူနိုင်ရန်နှင့်  ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေဆိုင်ရာများအား လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုဆုံရပ်စကားဝိုင်းအစီအစဉ်အား ဆုံရပ်စီမံကိန်းဝန်ထမ်းများနှင့် အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာတို့က ဆုံရပ်စကားဝိုင်းကို ဦးဆောင်ပံ့ပိုးခဲ့ပါသည်။