Advocacy Meeting in Kawkareik Township – SECURE

Advocacy Meeting in Kawkareik Township – SECURE
Advocacy Meeting in Kawkareik Township – SECURE

Dec 26, 2019

Advocacy Meeting in Kawkareik Township – SECURE

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် “အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက်” သုတေသနစစ်တမ်း စာအုပ်အား ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် သုတေသနစစ်တမ်းကောက်ယူစဉ် ပါဝင်ကူညီခဲ့သော SSD ToT Alumni များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများထံ သုတေသနစစ်တမ်းစာအုပ် မျှဝေခြင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။

ထိုအစီအစဉ်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သော SECURE စီမံကိန်းလုပ်ငန်းဆောင်တာများ၊ စစ်တမ်းကောက်ယူခြင်းနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာနှင့် ကရင်ပြည်နယ်ရုံးတာဝန်ခံ ဉီးစောစိန်ထွေးတို့က ဆွေးနွေးပေးခဲ့ပြီး SSD ToT Alumni များနှင့် ဒေသခံလူမှုအဖွဲ့အစည်းမျာမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။