Advocacy Meeting in Loikaw – SECURE

Advocacy Meeting in Loikaw – SECURE
Advocacy Meeting in Loikaw – SECURE

Dec 26, 2019

Advocacy Meeting in Loikaw – SECURE

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ပူးတွဲ၍ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်တမ်းကောက်ယူလေ့လာခဲ့သော “အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက်” သုတေသနစစ်တမ်းစာအုပ်အတွက် သုတေသန စစ်တမ်းကောက်ယူစဉ် ပါဝင်ကူညီခဲ့သော SSD ToT Alumni များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများအား သုတေသနစစ်တမ်းစာအုပ် မျှဝေခြင်းအစီအစဉ်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ငြိမ်းဖောင်ဒေးရှင်းရုံးခွဲ၌ ပြုလုပ်ခဲ့ပါသည်။

ထိုအစီအစဉ်တွင် စစ်တမ်းကောက်ယူခြင်းနှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အထိ ဆောင်ရွက်ခဲ့သော SECURE စီမံကိန်းလုပ်ငန်းဆောင်တာများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာနှင့် ကယားပြည်နယ်၊ ပြည်နယ်ရုံးတာဝန်ခံ ခူးပလုရယ်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော SSD ToT Alumni များနှင့် ဒေသခံလူမှုအဖွဲ့အစည်းမျာမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။