Basic Interfaith Peace-building Training (Online) – IYCAP (Bago)

Basic Interfaith Peace-building Training (Online) – IYCAP (Bago)
Basic Interfaith Peace-building Training (Online) – IYCAP (Bago)

Dec 30, 2020

Basic Interfaith Peace-building Training (Online) – IYCAP (Bago)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်ရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်” မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” ၏ အစီအစဥ်တစ်ခုဖြစ်သော ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးတည်ဆောက်ခြင်းအမြင်ဖွင့် သင်တန်း (Basic Interfaith Peace-building Training – Online) အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၄) ရက်မှ (၁၈) ရက်အထိ Zoom Application အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ သင်တန်းအား သင်တန်းရက်များအတွင်း နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေကြသော လူငယ်များနှင့် ယုံကြည်မှုပေါင်းစုံမှ လူငယ် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၁၁) ဦး၊ စုစုပေါင်း (၃၂) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင်  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သင်ခန်းစာများအား တက်ရောက်ပါဝင်သူများနှင့် ဆွေးနွေးဖလှယ်ခြင်း၊ ပဋိပက္ခအား ရင်ဆိုင်ဖြေရှင်းခြင်းနည်းလမ်းများအား ဆွေးနွေးခြင်းများ၊ ပဋိပက္ခရင်ဆိုင်ဖြေရှင်းခြင်း ဖြစ်ရပ်မှန် ဗီဒီယိုမှတ်တမ်းအား ကြည့်ရှု၍ ပဋိပက္ခပြန်လည်သင့်မြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်ဆောင်ရွက်မှုများ၊ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး အသိပညာများကို အတူတကွ လေ့လာသင်ယူခဲ့ကြပါသည်။

ဤသင်တန်းအား ယုံကြည်မှုပေါင်းစုံမှ လူငယ်များအား ငြိမ်းချမ်းရေးအသိပညာများ သိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်လာကြစေရန်နှင့် ပဋိပက္ခကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများအား လူငယ်များမှ သိရှိသွားပြီး ကိုင်တွယ်ဖြေရှင်းနည်းများအား သိရှိသွားစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။

ဤသင်တန်းအား ကိုရဲလင်းထွန်း (ပဲခူးတိုင်းဒေသကြီး စီမံကိန်းနယ်မြေညှိနှိုင်းရေးမှူး) က ဦးစီးဆောင်ရွက်ခဲ့ပြီး၊ သင်တန်းဆရာအဖြစ် ဦးသူရနိုင် (Interfaith Peace-Building Trainer) က ဦးဆောင်သင်ကြားပေးခဲ့ကာ သင်တန်းပံ့ပိုးကူညီသူ (Co-Facilitator) များအဖြစ်  (Interfaith Peace-Building-ToT)  သင်တန်းတက်ရောက်ပြီးသော ကိုဒံယေလနှင့် ကိုချစ်ဝေတို့က ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။