Caregiver Monthly Meeting (August) – DPP

Caregiver Monthly Meeting (August) – DPP
Caregiver Monthly Meeting (August) – DPP

Aug 10, 2020

Caregiver Monthly Meeting (August) – DPP

ငြိမ်းဖောင်ဒေးရှင်း၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအစီအစဉ် (Durable Peace Program – DPP) စီမံကိန်းက လစဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သည့် Caregiver Monthly Meeting ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ငြိမ်းဖောင်ဒေးရှင်း ပင်မရုံးရှိ Dialogue Center ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဆရာမ ထုတောင်က ဆွေးနွေးသွားမည့် အကြောင်းအရာများကို ပြောကြားပြီးနောက် Camp အလိုက် Caregiver များနှင့် မိတ်ဆက်ခြင်းအစီအစဥ်ဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် အစီအစဉ်မန်နေဂျာ ဆရာဂျော်ဂွန်းက အစည်းအဝေး အဖွင့်အမှာစကားနှင့် အားပေးစကားတို့ကို ပြောကြားပေးခဲ့ပြီး ဆရာမ ဂျာလိက “တည်ငြိမ်စေခြင်း လေ့ကျင့်ခန်း” ကို လုပ်ဆောင်ပေးခဲ့ပါသည်။ ဆက်လက်ပြီး စီမံကိန်းမန်နေဂျာ ဆရာခွန်မြတ်က ရှေ့ဆက်ပြီး Trauma Healing လုပ်ငန်းစဥ်များကို ပိုမိုတွင်ကျယ်၍ အောင်မြင်မှုများ ရရှိနိုင်ရန်အတွက် လက်တွဲလုပ်ဆောင်သွားရန် ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် Camp အလိုက် Caregiver များက တစ်ဦးချင်းအလိုက် အောင်မြင်မှုများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများ တင်ပြခဲ့ပြီး တင်ပြသွားသည့် Trauma Healing လုပ်ငန်း အကြောင်းအရာများကို အကောင်းဆုံး ဆက်လက်လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို Caregiver များနှင့် တွေ့ဆုံပြီး လုပ်ငန်းစဥ်များ၏ အောင်မြင်မှုများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများ သိရှိပြီး ရှေ့ဆက်၍ အကောင်းဆုံး လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။