CCCM Refresher Training _HAP

CCCM Refresher Training _HAP
CCCM Refresher Training _HAP

Oct 27, 2019

CCCM Refresher Training _HAP

ငြိမ်းဖောင်ဒေးရှင်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ပေးရေး (HAP) စီမံကိန်းသည် Camp Coordination and Camp Management (CCCM) Refresher Training ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပုလဲလမ်းရှိ “ဆုံဆည်းဧဒင်” သင်တန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။ ထိုသင်တန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့တို့တွင် (၂) ရက်တာပြုလုပ်ခဲ့ပြီး သင်တန်းဆရာများဖြစ်သည့် UNHCR မှ ဆရာဦး CC Ting Lum ၊ ငြိမ်းဖောင်ဒေးရှင်းမှ ဆရာ ဦးဇော်လွမ်နှင့် ဆရာ ဦးတူးဂျာတို့က ဦးဆောင်ပို့ချခဲ့ပါသည်။

တိမ်းရှောင်စခန်းများကို အဓိက တာဝန်ယူ စီမံဆောင်ရွက်နေကြသော စခန်းတာဝန်ခံများ၏ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရေးနှင့် စခန်းတာဝန်ခံများအချင်းချင်း ရင်းနှီးစွာ လုပ်ငန်းများဆောင်ရွက်လာနိုင်စေရေးကို ရည်ရွယ်၍ ဤသင်တန်းကို ကျင်းပြုလုပ်ခဲ့ပြီး ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေနှင့် ဗန်းမော်မြို့နယ်ရှိ တိမ်းရှောင်စခန်းများမှ စခန်းတာဝန်ခံများ စုစုပေါင်း ၂၉ ဦး (ကျား – ၁၉ ဦး၊ မ – ၆ ဦး) တို့ တက်ရောက်ခဲ့ကြပါသည်။