Celebrating Religious Festival_IYCAP (Kayin)

Celebrating Religious Festival_IYCAP (Kayin)
Celebrating Religious Festival_IYCAP (Kayin)

Oct 24, 2019

Celebrating Religious Festival_IYCAP (Kayin)

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ငြိမ်းဖောင်ဒေးရှင်းရုံး၌ ဒေပါဝလီပွဲတော်နှင့် ဆီမီးပူဇော်ပွဲအား ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကရင်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဘာသာရေးခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်ပြည်နယ် IYCAP Alumni များ၊ အရပ်ဘက်အခြေပြု/ ဘာသာရေးအခြေပြု အဖွဲ့အစည်းများမှ လူငယ်များနှင့် မိတ်ဖက်ကွန်ရက်အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်တက်ရောက်ကြသည်။

ဒေပါဝလီပွဲတော်အကြောင်းအား လူငယ်များလေ့လာခွင့်ရစေရန်၊ ဒေပါဝလီ ပွဲတော်နှင့်ပတ်သက်၍ အကြောင်းအရာများအား မေးမြန်းမှုမှ တဆင့်လေ့လာခွင့်ရရန်၊ ယုံကြည်မှု မတူညီသောလူငယ်များ အတူတကွ ဘာသာရေးပွဲတော်အား ပါဝင်ဆင်နွှဲနိုင်ရန်၊ ယုံကြည်မှုစုံလင်သော လူငယ်များ တွေ့ဆုံကြပြီး အချင်းချင်းမိတ်သဟာယဖွဲ့နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဤအစီအစဥ်တွင် ငြိမ်းချမ်းရေးတေးသီချင်းများသီဆိုခြင်း၊ ဒေပါဝလီပွဲတော်ဖြစ်ပေါ်လာရခြင်း နောက်ခံသမိုင်းကြောင်းနှင့် အနှစ်သာရများကို ဝေမျှဆွေးနွေးခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဟိန္ဒူရိုးရာအစားအစာများဖြင့် တည်ခင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အတူတကွပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။