Civic & Voter Education Online Training – CDU

Civic & Voter Education Online Training – CDU
Civic & Voter Education Online Training – CDU

Oct 28, 2020

Civic & Voter Education Online Training – CDU

ငြိမ်းဖောင်ဒေးရှင်း၏ စွမ်းရည်မြှင့်တင်ရေးဌာနခွဲမှ ကြီးမှူး၍ Myanmar Network Organization for Free and Fair Election – MYNFREL နှင့် ပူးပေါင်းကာ “နိုင်ငံသားကောင်းနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းသင်တန်း (Civic and Voter Education Training)” ကို အောက်တိုဘာလ (၂၇) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့ အထိ (၅) ရက်တာ အုပ်စု (၅) စုခွဲကာ Zoom Application ကိုအသုံးပြု၍ Online မှတစ်ဆင့် ကျင်းပပြုလုပ်လျက်ရှိပါသည်။

၂၇.၁၀.၂၀၂၀ ရက်၊ အင်္ဂါနေ့တွင် ပထမအသုတ်အနေဖြင့် ငြိမ်းဖောင်ဒေးရှင်းမှ ဝန်ထမ်းစုစုပေါင်း (၃၀) ဦး ပါဝင်တက်ရောက်လျက် MYNFREL မှ သင်တန်းဆရာများဖြစ်သည့် ဆရာမ ဒေါ်ဇင်မာဦး၊ ဆရာ ဦးအောင်ချိုနှင့် ဆရာမ ဒေါ်ဝင်းမြထွန်းတို့က ဦးဆောင်ပို့ချပေးခဲ့ပါသည်။ သင်တန်းတွင် ဆရာမ ဒေါ်ဇင်မာဦးက MYNFREL အကြောင်းနှင့် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆရာ ဦးအောင်ချိုက ဒီမိုကရေစီစနစ်ဆိုင်ရာအကြောင်းအရာများကို တက်ရောက်သူ ငြိမ်းဝန်ထမ်းများနှင့်အတူ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဆရာမ ဒေါ်ဝင်းမြထွန်းက မဲပေးခြင်းဆိုင်ရာအသိပညာများကို ဝေငှပေးခဲ့ပြီး တက်ရောက်သူ ငြိမ်းဝန်ထမ်းများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ပထမအသုတ်သင်တန်းကို ညနေ (၅) နာရီမှ ည (၈) နာရီ (၃၀) မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများ၊ မေးမြန်းမှုများဖြင့် အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။