Dec 16, 2020
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်ရေးတည်ဆောက်သူလူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်” မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” ၏ အစီအစဥ်တစ်ခု ဖြစ်သော သက်သာပျောက်ကင်းခြင်းနှင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်ခြင်းဆိုင်ရာ အစီအစဥ် (Community Healing activities) အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၀) ရက် (ကြာသပတေးနေ့)၊ နေ့လယ် (၂) နာရီမှ ညနေ (၄) နာရီအထိ၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ IYCAP alumni/Active youth များနှင့်အတူ အွန်လိုင်းမှတစ်ဆင့် Zoom Application ကို အသုံးပြုကာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစီအစဥ်တွင် IYCAP Alumni/HRT alumni/HRT trainers များမှ အမျိုးသား (၁၃) ဦး အမျိုးသမီး (၈) ဦး စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ကြပါသည်။
အစီအစဥ်ကို IYCAP HRT Alumni/trainer များပါဝင်၍ တက်ရောက်သူ ယုံကြည်မှုပေါင်းစုံမှ လူငယ်များက မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် မေတ္တာပို့ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီး၊ ခံစားချက်များ မျှဝေခြင်း၊ ခံနိုင်ရည်စွမ်းအားတည်ဆောက်ခြင်းကို အုပ်စုဖွဲ့၍ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ Healing and Resilience ခရီးလမ်းတွင် တစ်ဦးချင်းရင်ဆိုင်ကြုံတွေ့ရသော အတွေ့အကြုံများအား အပြန်အလှန် ဆွေးနွေးမျှဝေခြင်း၊ တွေ့ကြုံရသော ခံစားချက်များအား Healing and Resilience အသိပညာများကို အသုံးချကာ တစ်ဦးချင်းရင်ဆိုင်ဖြေရှင်းခဲ့ကြပုံများကို ဝေမျှဆွေးနွေးခဲ့ကြသည်။
အစီအစဥ်နောက်ဆုံးပိုင်းတွင် အချင်းချင်း ခွန်အားစကားပြောကြားခြင်း၊ ခံနိုင်ရည်စွမ်းအားတည်ဆောက်ခြင်း လေ့ကျင့်ခန်းများအား အကြံပြု အားပေးခဲ့ကြသည်။ အစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း(Area Coordinator)၊ မခွါညိုသင်း (Assistant Area Coordinator)တို့က ဦးဆောင်ပြုလုပ်ခဲ့ကြပါသည်။