Dec 30, 2020
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် “Community Healing and Reconciliation” အစီအစဥ်အား Zoom Application အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ အစီအစဥ်တွင် IYCAP Alumni လူငယ်များ၊ HRT Alumni နှင့် Active Youth များ စုစုပေါင်း (၂၉) ဦး (အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၁၈) ဦး) တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ယုံကြည်မှုပေါင်းစုံလူငယ်များမှ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် ဆုတောင်းကာ အစီအစဉ်ကို စတင်ခဲ့ပြီး တက်ရောက်သူလူငယ်များ အချင်းချင်း မိတ်ဆက်ခြင်း၊ အစီအစဥ်ရည်ရွယ်ချက်အကျဥ်းကို ရှင်းလင်းပြောကြားခြင်း၊ စိတ်ဒဏ်ရာကုသခြင်းနှင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်ခြင်းဆိုင်ရာအကြောင်း အကျဉ်းချုပ်အား HRT Alumni များက ဝေမျှခြင်း၊ မိမိတို့၏ လတ်တလော စိတ်ခံစားချက်နှင့် အတွေ့အကြုံအား ဝေမျှခြင်း၊ လူငယ်များ ရင်းနှီးစွာ အပြန်အလှန် အားပေးခြင်း၊ သက်သာပျောက်ကင်းခြင်း နည်းလမ်းများအား အပြန်အလှန် ဆွေးနွေးဝေမျှခြင်းနှင့် လေ့ကျင့်ခန်းများ အတူတကွ လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ကျေးဇူးတင်စကားပြောခြင်းအစီအစဉ်ဖြင့် အစီအစဉ်အား အဆုံးသတ်ခဲ့ပါသည်။
အစီအစဥ်အား ယခင် HRT အစီအစဥ်တွင် ပါဝင်ခဲ့ဖူးသော လူငယ်များ ပြန်လည်ဆုံတွေ့၍ HRT စကားဝိုင်း ပြုလုပ်ခြင်းဖြင့် မိမိတို့လေ့လာခဲ့သေော အသိပညာများကို ပြန်လည်သုံးသပ်နိုင်ရန်၊ မိမိတို့ လေ့ကျင့်လျက်ရှိနေသော သက်သာပျောက်ကင်းခြင်း နည်းလမ်းများအား ပြန်လည်ဝေမျှနိုင်ရန်၊ HRT နှင့် ပတ်သက်၍ လူငယ်များက ရှေ့ဆက်လုပ်ဆောင်လိုသော အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဤအစီအစဥ်အား မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ပံ့ပိုးပေးခဲ့ပါသည်။