Community Healing and Reconciliation – IYCAP (Kayin)

Community Healing and Reconciliation – IYCAP (Kayin)
Community Healing and Reconciliation – IYCAP (Kayin)

Nov 3, 2020

Community Healing and Reconciliation – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း အစီအစဥ်” ၏ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” က “Community Healing and Reconciliation” အစီအစဥ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၅) ရက်တွင် ကရင်ပြည်နယ်အတွင်းရှိ HRT Alumni ၊ IPB Alumni နှင့် Active Youth များပါဝင်ကာ နံနက် (၉) နာရီခွဲမှ မွန်းတည့် (၁၂) အထိ Zoom Application ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစီအစဥ်တွင် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၈) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သက်ဆိုင်ရာ ယုံကြည်မှုအလိုက် ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အစီအစဉ်ကို အစပြုခဲ့ပြီး စိတ်ဒဏ်ရာ (Trauma) နှင့် ခံနိုင်ရည်စွမ်းအား (Resilience) အကြောင်းအား ဝေမျှခြင်းနှင့် အပြန်အလှန် ဆွေးနွေးကြခြင်း၊ ဘဝမြစ် ရေးဆွဲခြင်း၊ စိတ်ဒဏ်ရာ ဖြေလျှော့သက်သာစေသော သီချင်းနားထောင်ခြင်းနှင့် အချင်းချင်း အားပေးနှစ်သိမ့်ခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ အစီအစဥ်ကို HRT Alumni တစ်ဦးဖြစ်သော ကိုကျော်ဇင်ဟိန်းက ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဤအစီအစဥ်အား လူငယ်များ ကြုံတွေ့နေရသော အဆင်မပြေမှုများ၊ စိတ်ဒဏ်ရာများကို ပြန်လည်သုံးသပ်နိုင်ကာ မိမိတို့၏ ခံစားချက်များကို ရင်ဖွင့်ပြောပြခွင့်ရစေရန်၊ လူငယ်များအား အပြန်အလှန် စကားပြောဆွေးနွေးပေးခြင်းအားဖြင့် စိတ်ခံစားချက်များ ပြေလျော့သက်သာကာ   စိတ်ဓါတ်ခွန်အား ရရှိလာစေရန်၊ လက်ရှိကြုံတွေ့နေရသော COVID-19 ကပ်ရောဂါကာလအတွင်း စိတ်အဆင်မပြေမှုများအား ဖြေလျော့ခြင်းနည်းလမ်းများဖြင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်တတ်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။