Community Healing and Resilience Activity – IYCAP (Bago)

Community Healing and Resilience Activity – IYCAP (Bago)
Community Healing and Resilience Activity – IYCAP (Bago)

Jul 6, 2020

Community Healing and Resilience Activity – IYCAP (Bago)

IYCAP စီမံကိန်း၏ စီမံကိန်းနယ်မြေတစ်ခုဖြစ်သော ပဲခူးတိုင်းဒေသကြီးရှိ IYCAP Alumni/Active Youth များပါဝင်လျက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၈) ရက် (ကြာသပတေးနေ့) တွင် Online မှတစ်ဆင့် Zoom Application ကို အသုံးပြုကာ သက်သာပျောက်ကင်းခြင်းနှင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်ခြင်း အစီအစဥ်ကို ပြုလုပ်ခဲ့ပါသည်။ ၎င်းအစီအစဥ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ IYCAP Alumni/Active Youth များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၁၈) ဦး ပါဝင်ခဲ့ကြပါသည်။

အစီအစဥ်တွင် ပါဝင်သူများက စိတ်ဒဏ်ရာ၏ သဘောသဘာဝ၊ မိမိတို့၏ ပတ်ဝန်းကျင်တွင် ကြုံတွေ့ရသော အကြမ်းဖက်မှု အမျိုးအစားများအကြောင်း၊ စိတ်ဒဏ်ရာနှင့် အကြမ်းဖက်မှု (ပဋိပက္ခများဆက်စပ်နေပုံ) တို့ကို ဆွေးနွေးခဲ့ကြပါသည်။ စိတ်ဒဏ်ရာသည် အမျိုးအစားအလိုက် သက်သာပျောက်ကင်းရန် အချိန်လိုအပ်ပုံ၊ ဒဏ်ရာအတိမ်အနက်အပေါ်မူတည်၍ ကုသခြင်းဆိုင်ရာ နည်းလမ်းများ လိုအပ်ပုံများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ စိတ်ဒဏ်ရာသည် ဘာသာရေးဆိုင်ရာ ပဋိပက္ခများကြောင့်လည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ လူမှုဝန်းကျင်အတွင်း အကြမ်းဖက်မှုအသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ စိတ်ဒဏ်ရာသည် လူမှုအသိုက်အဝန်းအတွင်း တည်ရှိနိုင်၍ အကြမ်းဖက်မှုများ လျော့နည်းလာစေရန်အတွက် စိတ်ဒဏ်ရာ သက်သာပျောက်ကင်းရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထိုအစီအစဥ်အား IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း(Area Coordinator)၊ မခွါညိုသင်း(Assistant Area Coordinator) တို့ က ဦးဆောင်ပြုလုပ်ခဲ့ပါသည်။