Community Healing Reconciliation Activity – IYCAP (Mon)

Community Healing Reconciliation Activity – IYCAP (Mon)
Community Healing Reconciliation Activity – IYCAP (Mon)

Oct 25, 2020

Community Healing Reconciliation Activity – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ “ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀)ရက်၊ ညနေ (၆)နာရီမှ ည (၈) နာရီအထိ  မွန်ပြည်နယ်အတွင်းရှိ IYCAP Alumni လူငယ်များနှင့် Active Youth လူငယ်များ စုစုပေါင်း (၁၆) ဦး ပါဝင်၍ “Community Healing Reconciliation Activity” ကို  Zoom Application အသုံးပြုကာ Online မှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

အစီအစဉ်တွင် လက်ရှိ COVID-19 ကပ်ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်၊ ကပ်ရောဂါကြောင့် ခံစားနေရသော အခက်အခဲများ ဖြေလျော့နိုင်ရန်နှင့် နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲများအား ခံနိုင်စွမ်းရှိရန်အတွက် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် မေတ္တာပို့ ဆုတောင်းခြင်းဖြင့် အစီအစဉ်အား အစပြုခဲ့ပါသည်။ ထို့နောက်တွင် လူငယ်များ အချင်းချင်း မိတ်ဆက်ခြင်း၊ ဒေသအတွင်း လက်ရှိအခြေအနေများ၊ မိမိတို့ပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိတစ်ဦးတစ်ယောက်ချင်းစီ၏ လက်တလော အခြေအနေများအကြောင်းကို အပြန်အလှန်ဆွေးနွေးခြင်း၊ မိမိတို့၏ အခက်အခဲ အခြေအနေများအကြောင်းဆွေးနွေးကြခြင်းနှင့် မိမိတို့၏ တစ်ဦးချင်းစီ၏ အခက်ခဲများကို ကျော်ဖြတ်ခဲ့ပုံ အကြောင်းများကို အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် မိမိတို့ ပတ်ဝန်ကျင်တွင် အခက်အခဲ ပြဿနာများကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ခံစားချက်များအကြောင်း၊ စိတ်ခံစားချက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာပုံများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

အစီအစဉ်အား မိဇင်ဝင်းမွန် (Area Coordinator)၊ မောင်ဝင်းသူအောင် (Assistant Area Coordinator) တို့က ဦးဆောင်ခဲ့ပြီး၊ သင်ခန်းစာ ဆွေးနွေးမှု အပိုင်းအား HRT TOT Alumni များဖြစ်သော မောင်သီဟ၊ မင်းလှိုင်ထွန်းဦး၊ မောင်အောင်အောင်နိုင်နှင့် မအေးမြတ်ဇင် စသောလူငယ်များမှ ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြပါသည်။