Community Healing/Reconciliation Activity – IYCAP (Mon)

Community Healing/Reconciliation Activity – IYCAP (Mon)
Community Healing/Reconciliation Activity – IYCAP (Mon)

Dec 25, 2019

Community Healing/Reconciliation Activity – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း (မွန်ပြည်နယ်) မှ Community Healing/Reconciliation အစီအစဉ်တစ်ခုအနေဖြင့် IYCAP စီမံကိန်းအရာရှိ ဦးသူရနိုင်နှင့် Active Youth မိဇင်ဝင်းမွန်တို့ ဦးဆောင်မှုနှင့်အတူ Healing Resilience Training Alumni များသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ သဲဖြူကုန်းကျေးရွာရှိ မြေပြိုမှုဒဏ် ခံစားခဲ့ရသော အိမ်ထောင်စု (၃၀) စာအတွက် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ပေးအပ်ခြင်း၊ အိမ်ထောင်စုဝင်များနှင့် စကားပြော နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အစီအစဉ်အား မြေပြိုမှုဒဏ် ခံစားခဲ့ရသော အိမ်ထောင်စုဝင်များနှင့် ကုစားခြင်းသက်သာပျောက်ကင်းခြင်း ခရီးလမ်းမှ လူငယ်များနှင့် တွေ့ဆုံစကားပြောနိုင်ရန်၊ မြေပြိုမှုဒဏ် ခံစားခဲ့ရသော မိသားစုဝင်များအတွက် ခွန်အားဖြစ်စေရန်၊ ကုစားခြင်းနှင့် သက်သာပျောက်ကင်းခြင်း ခရီးလမ်းလျှောက်လမ်းခဲ့သော လူငယ်များ အနေဖြင့်လည်း ၎င်းတို့ လေ့လာသင်ယူခဲ့သော သက်သာပျောက်ကင်းခြင်းနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အသိပညာများကို လူထုထံသို့ မျှ‌‌ဝေပေးခြင်းနှင့် လူထုမှလည်း သက်သာပျောက်ကင်းခြင်းနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ နည်းလမ်းများကို လက်တွေ့‌‌လေ့ကျင့်ကာ သက်သာပျောက်ကင်းခြင်း လမ်းခရီးအား စတင်လျှောက်လှမ်းနိုင်စေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။