Community Healing Reconciliation – IYCAP (Mon)

Community Healing Reconciliation – IYCAP (Mon)
Community Healing Reconciliation – IYCAP (Mon)

Jun 16, 2020

Community Healing Reconciliation – IYCAP (Mon)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း၏ အစီအစဉ်တစ်ခုဖြစ်သော စိတ်ဒဏ်ရာ ပြန်လည်ကုစားခြင်းနှင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်ခြင်းဆိုင်ရာ အစီအစဉ် (Community Healing Reconciliation)  ကို ၂၀၂၀ ခုနှစ်၊ မေ (၂၇) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငြိမ်းဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အစီအစဉ်တွင် COVID-19 ကပ်ရောဂါကာလတွင် လူငယ်များအနေဖြင့် နေ့စဉ်ဖြတ်သန်းလှုပ်ရှားနေပုံများ အပြန်အလှန် ဆွေးနွေးခြင်း၊ အချင်းချင်း ပြန်လည်ဝေငှခြင်း၊ မိမိတို့ ပတ်ဝန်ကျင်တွင် လက်ရှိလူငယ်များ၏ သွားလာလှုပ်ရှား နေမှုများအကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ခံနိုင်ရည်စွမ်းအားနှင့် သက်သာပျောက်ကင်းခြင်း နည်းလမ်းများနှင့် ဆက်စပ်၍ ဖြတ်သန်းနေမှုအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အကြံပြုခြင်းနှင့် အားပေးခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည့်အပြင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဤအစီအစဉ်တွင် IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်သော Area Coordinator (Mon State), Assistant Area Coordinator (Mon State), IYCAP HRT Alumni လူငယ် (၄) ဦးတို့မှ ပါဝင်ပြုလုပ် ကျင်းပခဲ့ကြပါသည်။