Donation & Networking_IYCAP

Donation & Networking_IYCAP
Donation & Networking_IYCAP

Sep 24, 2019

Donation & Networking_IYCAP

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) မှ မွန်ပြည်နယ်ရှိ IYCAP Alumni များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၁)ရက် စနေနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ဝင်းချဲ့ကျေးရွာအတွင်းရှိ မွန်အမျိုးသားစာသင်ကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအတွက်လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းအတွက်လိုအပ်သော ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်ကျောင်းသားများ၊ ဆရာဆရာများနှင့် IYCAP Alumni များအချင်းချင်း ရင်းနှီးစွာ မိတ်သဟာယ ဂိမ်းများကစားခဲ့ကြသည်။

ထို့အပြင် ဤအစီအစဉ်တွင် ပါဝင်သော  မွန်လူငယ်အဖွဲ့အစည်းဖြစ်သည့် Mon Parahita Education Association – MPEA ၊ ကျေးရွာရှိလူငယ်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် IYCAP Alumni များအချင်းချင်း မိတ်သဟာယဖွဲ့ခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်းနှင့် အဖွဲ့အစည်းအကြောင်းများ အချင်းချင်း မိတ်ဆက်သည့် အစီအစဉ်အား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို မွန်ပြည်နယ် IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ဦးဝင်းကျော်ထွေးနှင့် မိဇင်ဝင်းမွန်တို့က ဦးဆောင်ပြုလုပ်ခဲ့ပါသည်။