Dec 16, 2020
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်နှင့် (၂၇) ရက်တို့တွင် မိတ်သဟာယဖွဲ့ခြင်းနှင့် လှူဒါန်းခြင်း (Fellowship and Gathering and Donation) အစီအစဉ်အဖြစ် သိုးမွေးထိုး/တစ်ချောင်ထိုးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်တွင် မွန်ပြည်နယ်အတွင်းရှိ IYCAP Alumni နှင့် Active Youth စုစုပေါင်း (၁၅) ဦး ပါဝင်ခဲ့ကြပါသည်။
အသက်မွေးဝမ်းကျောင်း လက်မှုပညာရပ်တစ်ခုဖြစ်သော သိုးမွေးခေါင်းစွပ်ထိုးခြင်းပညာကို စိတ်ပါဝင်စားသော ယုံကြည်မှုပေါင်းစုံမှလူငယ်များ အတူတကွ လက်မှုပညာကို သင်ယူလေ့လာရင်း အချင်းချင်းရင်းနှီးမှုတည်ဆောက်ရန်နှင့် မိမိတို့သင်ယူထားသည့် လက်မှုလုပ်ငန်းဖြင့် ကိုယ်တိုင်ချည်ထိုးထားသော သိုးမွေးခေါင်းစွပ်လေးများကိုလည်း အမှန်တကယ်လိုအပ်သော နေရာများတွင် လှူဒါန်းမှုများ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်၍ ဤအစီအစဉ်အား ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။