Nov 23, 2020
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် Fellowship and Cooperative Activity (Fellowship & Gathering and Donation) အစီအစဥ်အား ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ (၁၃) ရက်၌ နံနက် (၉) မှ မွန်းလွဲ (၁) အထိ Zoom Application အသုံးပြုကာ ပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် ကရင်ပြည်နယ်အတွင်းရှိ IYCAP Alumni နှင့် Active Youth စုစုပေါင်း (၃၀) ဦး (အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၁၇) ဦး) တို့ ပါဝင်ခဲ့ပါသည်။
အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ ဆုတောင်းခြင်း၊ တက်ကြွလှုပ်ရှား အစီအစဥ်များ၊ လူငယ်အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းအစီအစဥ်များ၊ လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် Debate အစီအစဥ်နှင့် ပြန်လည်သုံးသပ်ခြင်း အစီအစဉ်များအား လုပ်ဆောင်ခဲ့ကြပါသည်။ အစီအစဥ်အား COVID-19 ကပ်ရောဂါကာလတွင် လူငယ်များ ပျော်ရွှင်စွာ Online အစီအစဥ်တွင် ပါဝင်နိုင်ရန်၊ Online မှတစ်ဆင့် လူငယ်များ ပြန်လည်ဆုံစည်းကာ မိတ်သဟာယဖွဲ့၍ ရင်းနှီးမှု တည်ဆောက်နိုင်စေရန်၊ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများအား သတိပြုလာနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤအစီအစဥ်ကို IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်ကြသော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့မှ ဦးဆောင်၍ ပြုလုပ်ကျင်းပခဲ့ကြပါသည်။