Fellowship and Gathering – IYCAP (Yangon)

Fellowship and Gathering – IYCAP (Yangon)
Fellowship and Gathering – IYCAP (Yangon)

Aug 18, 2020

Fellowship and Gathering – IYCAP (Yangon)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ Mingalar Center သို့ သွားရောက်၍ Fellowship and Gathering အစီအစဥ်အဖြစ် သစ်ပင်များစိုက်ပျိုးခြင်း အစီအစဉ်နှင့် လူငယ်များရင်းနှီးမှုရရှိစေရန်အတွက် မိတ်သဟာယ အစီအစဥ်များကို ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ မိတ်ဆက်ခြင်းဖြင့် စတင်ခဲ့ပြီး Mingalar Center အား တည်ထောင်သူ ကိုစန်းမြင့်အောင်က Mingalar Center တည်ထောင်ဖြစ်ခဲ့ပုံကို ရှင်းပြခဲ့ပါသည်။ ထို့နောက် ထီးရိုးဝါး၊ စိန်တစ်လုံး၊ စကားဖြူ၊ မာလကာ၊ ကျွဲကော အစရှိသော အပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယုံကြည်မှုပေါင်းစုံမှ လူငယ်များအား COVID-19 ကာလအတွင်း စိတ်ပင်ပန်းမှုများနှင့် စိတ်ဖိစီးမှုများ ပြေလျော့စေရန်အတွက် Deep Relaxation အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။