Fellowship & Gathering and Donation – IYCAP (Bago)

Fellowship & Gathering and Donation – IYCAP (Bago)
Fellowship & Gathering and Donation – IYCAP (Bago)

Apr 28, 2020

Fellowship & Gathering and Donation – IYCAP (Bago)

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ပူးပေါင်း ဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) မှ လူငယ်များ စုပေါင်း၍ လူငယ်မိတ်သဟာယ အစီအစဉ်နှင့် လှူဒါန်းမှုအစီအစဥ်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးမြို့မဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြပါသည်။ ပဲခူးမြို့မ ဆေးရုံကြီးအတွင်း လူစာရင်း မှတ်တမ်းတင်ခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်းနှင့် Covid-19 အသိပညာပေး ဆောင်ရွက်လျက်ရှိသော ဌာနသို့ နှာခေါင်းစည်းများ၊ လက်အိတ်များနှင့် PPE ဝတ်စုံများအား လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ဆေးရုံကြီးတွင် ကူညီလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော Knowledge Zone Volunteer အဖွဲ့မှ စေတနာ့ ဝန်ထမ်းများဖြစ်သည့် IYCAP Active Youths များနှင့် HRT Alumni များ အတွက်လည်း နှာခေါင်းစည်းများ၊ လက်အိတ်များနှင့် PPE ဝတ်စုံများအား လှူဒါန်းခဲ့ပါသည်။ အဆိုပါ အစီအစဥ်ကို ပဲခူးတိုင်းဒေသကြီးမှ IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်ကြသည့် ဦးရဲလင်းထွန်း (Area Coordinator) နှင့် ဒေါ်ခွာညိုသင်း (Assistant Area Coordinator) တို့ ဦးဆောင်၍ Healing Resilience Training (HRT) Alumni အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၄) ဦးတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။