Fellowship & Gathering and Donation – IYCAP (Kayin)

Fellowship & Gathering and Donation – IYCAP (Kayin)
Fellowship & Gathering and Donation – IYCAP (Kayin)

Apr 28, 2020

Fellowship & Gathering and Donation – IYCAP (Kayin)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း၏ အစီအစဥ်တစ်ခုဖြစ်သော လူငယ်မိတ်သဟာယတွေ့ဆုံခြင်းနှင့် လှူဒါန်းခြင်းအစီအစဥ်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကော့လုံကျွန်း၊ ကိုမောင်အုပ်စု၊ ကျွန်းမီးကျေးရွာရှိ စောင့်ကြည့်လူများ ခေတ္တယာယီ ထားရှိရာ အခြေခံပညာ မူလတန်းကျောင်း (Quarantine Center) သို့ သွားရောက်ပြုလုပ်ခဲ့ပါသည်။

လှူဒါန်းပစ္စည်းများကို ကော့လုံကျွန်း ကိုမောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး၊ ကော့စိန်အလယ် ရွာလူကြီး ဦးထင်ကျော်၊ ကော့လုံကျွန်း Covid-19 ရောဂါကာကွယ်စောင့်ရှောက်ရေးတာဝန်ခံ ကျန်းမာရေးမှူး ဆရာမ ဒေါ်အေးအေးခိုင်နှင့် လှိုင်းဘွဲ့ ရပ်မိရပ်ဖများထံ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထိုအစီအစဉ်တွင် လှိုင်းဘွဲ့ Youths Network ဥက္ကဋ္ဌ စောစည်သူဌေးနှင့်တကွ IYCAP စီမံကိန်းမှ ကရင်ပြည်နယ် Area Coordinator ဒေါ်သူသူထွေးနှင့် IYCAP IPB Alumni ၄ ဦးတို့ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။