Fellowship & Gathering and Donation – IYCAP (Kayin)

Fellowship & Gathering and Donation – IYCAP (Kayin)
Fellowship & Gathering and Donation – IYCAP (Kayin)

Aug 28, 2020

Fellowship & Gathering and Donation – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်” မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၆)၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သို့ သွားရောက်၍ Fellowship & Gathering and Donation အစီအစဥ်အဖြစ် ကျောင်းအတွက် လိုအပ်သော COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ လူငယ်များနှင့် ကျောင်းသား/သူများ ရင်းနှီးမှု ရရှိစေရန်အတွက် မိတ်သဟာယ အစီအစဥ်များကို ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် စီမံကိန်း Area Coordinator ဖြစ်သော မသူသူထွေးမှ အစီအစဥ်ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဥ်အကျဥ်းချုပ်အကြောင်းရှင်းပြပြီးနောက် ကျောင်းအုပ်ဆရာမကြီးထံသို့ ယုံကြည်မှုပေါင်းစုံမှ လူငယ်များမှ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ 

ထို့နောက် စီမံကိန်းမှ ရိုက်ကူးထားသော မှတ်တမ်းများပြသကာ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးသဘောတရားများအား ပြောပြဆွေးနွေးပေးခြင်း၊ COVID-19 ရောဂါကာကွယ်ရေး ပညာပေးသီချင်းဖြင့် ပုံဖော်သီဆိုခြင်း၊ မေတ္တာစက်ဝိုင်း သီချင်းသီဆိုခြင်း၊ တက်ကြွလန်းဆန်းစေရန် အစီအစဉ်များဆောင်ရွက်ခြင်းနှင့် ကျောင်းသားကျောင်းသူများအား မုန့်နှင့် ပဲနို့အဟာရ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အား မသူသူထွေး (Area Coordinator) နှင့် နော်မူးရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ကာ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ အတူတကွ ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ခဲ့ကြပါသည်။