Fellowship, Gathering, and Donation – IYCAP (Kayin)

Fellowship, Gathering, and Donation – IYCAP (Kayin)
Fellowship, Gathering, and Donation – IYCAP (Kayin)

Oct 30, 2020

Fellowship, Gathering, and Donation – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၇ ရက်အတွင်း၌ ကရင်ပြည်နယ်တွင်းရှိ Alumni နှင့် Active Youth လူငယ် (၅) ဦးတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းများ  အတူတကွ ပါဝင်၍  မိမိတို့ နေအိမ်မှ တစ်ဆင့် Fellowship, Gathering and Donation အစီအစဥ်ကို ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် Zoom Application ကိုအသုံးပြုကာ Online မှတစ်ဆင့် ကြိုတင်ပြင်ဆင်ခြင်း၊ လူငယ်များမှ မိမိတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ ရိုးရာအစားစာများ ချက်ပြုတ်စားသောက်ခြင်း၊ COVID– 19 ကပ်ရောဂါအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊ ရိုးရာမုန့်များ ဟင်းများ ချက်ပြုတ်ပြင်ဆင်နေမှုများအား မှတ်တမ်းဗီဒီယိုရိုက်ကူးပြီး လူမှုမီဒီယာပေါ်တွင် (Social Media) တင်ခြင်းနှင့် အစီအစဥ် ပြန်လည်သုံးသပ်ခြင်းအား လုပ်ဆောင်ခဲ့ကြပါသည်။ 

အစီအစဥ် အသေးစိတ်အား ကရင်ပြည်နယ်ရှိ IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့မှ လူငယ်များကို ရှင်းလင်းဝေမျှပြီး Alumni နှင့် Active Youth များမှ မိသားစုဝင်၊ သူငယ်ချင်းများနှင့်အတူတကွ ဦးဆောင်၍ ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ အစီအစဥ်အား IYCAP Alumni/Active Youth များ၊ မိသားစုဝင်များ အပါအဝင် အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး (၂၉) ဦး၊ စုစုပေါင်း (၄၆) ဦးပါဝင်ခဲ့ပါသည်။ 

IYCAP Alumni/Active Youths လူငယ်များနှင့် မိသားစုများ၊ သူငယ်ချင်းများအကြား ရင်းနှီးပျော်ရွှင်မှုများ ရရှိလာစေရန်၊ COVID-19 ကပ်ရောဂါကာလတွင် စိတ်ဖိစီးမှုများ လျော့ကျလာစေရန် ၊ Social Media တွင် IYCAP လူငယ်များ၏ လှုပ်ရှားမှု ပုံရိပ်များနှင့်အတူ ယုံကြည်မှုပေါင်းစုံ၏ ငြိမ်းချမ်းခြင်းကို သဘောတရားအား လူထုမှ နားလည် တွေ့မြင်လာနိုင်ရန် ရည်ရွယ်၍ ယခုအစီအစဥ်အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။