Fellowship, Gathering, and Donation – IYCAP (Kayin)

Fellowship, Gathering, and Donation – IYCAP (Kayin)
Fellowship, Gathering, and Donation – IYCAP (Kayin)

Mar 17, 2020

Fellowship, Gathering, and Donation – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏  ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များ ပြုစုပျိုးထောင်ခြင်းအစီအစဥ်၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း၏ လူငယ်များ မိတ်သဟာယဖွဲ့ခြင်းနှင့် လှူဒါန်းခြင်း အစီအစဉ်အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အင်ကြင်းဖို၊ အထက နတ်ကျွန်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစီအစဥ်တွင် ဇွဲကပင်မြေကျောင်းမှ ကျောင်းသား ကျောင်းသူများ အပါအဝင် IYCAP စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ပေးကြသော IYCAP Active Youth များ၊ IPB Alumni များ၊ HRT Alumni များ၊ စိတ်ပါဝင်စားသူ တက်ကြွလူငယ်များ – အမျိုးသား (၂၈) ဦး၊ အမျိုးသမီး (၁၇)  ဦး၊ စုစုပေါင်း (၄၅) ဦး တတ်ရောက်ခဲ့ပါသည်။

အစီအစဥ်တွင် ကရင်ပြည်နယ် စီမံကိန်းနယ်မြေညှိနှိုင်းရေးမှူး မသူသူထွေးက အစီအစဥ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ကလေးများနှင့် လူငယ်များကို ပြောကြားပေးခဲ့ပြီး လက်ထောက် စီမံကိန်းနယ်မြေညှိနှိုင်းရေးမှူး မနော်မုရယ်ဖဲမှ ကလေးများနှင့် လူငယ်များကို ရင်းနှီးမှုရစေရန် မိတ်သဟာယဂိမ်း ကစားခြင်း၊ လူငယ်များမှ ကလေးများအား စာရေးပစ္စည်းကိရိယာများနှင့် အာဟာရမုန့်များကို ပျော်ရွှင်ရင်းနှီးစွာ ပေးလှူခြင်းများအား ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင်ဝါသဝမှ ကလေးများနှင့် လူငယ်များအားလုံးအတွက် ဆုံးမသြဝါဒ မိန့်ကြားပေးခြင်း အစီအစဥ်အား ပြုလုပ်ခဲ့ပါသည်။ထို့ အပြင် ဇွဲကပင်မြေကျောင်းမှ Networking Coordinator ကိုစောနေသေးက လူငယ်များကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သော စကားဝိုင်းကို ဦးဆောင်ဆွေးနွေးခြင်း၊ မသူသူထွေးက ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိပညာများ မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်အား နတ်ကျွန်းရွာ မှ ယုံကြည်မှုမတူသော လူငယ်များနှင့် IYCAP Alumni လူငယ်များ၊ Active Youth များအား မိတ်သဟာယ ဖွဲ့ပေးနိုင်ရန်၊ လူငယ်များအတူတကွ ပူးပေါင်းပြီး လူမှုအကျိုးပြုမည့် လုပ်ငန်းများအား ဆောင်ရွက်လာနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိလာပြီး ရှေ့ဆက် လုပ်ငန်းစဥ်များတွင် အတူတကွ ပါဝင်လာစေရန်၊ ယုံကြည်မှုမတူသော လူငယ်များ၏ အတူယှဥ်တွဲ နေထိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအား  ပတ်ဝန်းကျင်မှ ပုံသက်သေအဖြစ် ပြသနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

အစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော မသူသူထွေး (စီမံကိန်းနယ်မြေညှိုနှိုင်းရေးမှူး) နှင့် မနော်မုရယ်ဖဲ (စီမံကိန်းနယ်မြေ ညှိုနှိုင်းရေးမှူးလက်ထောက်) တို့က ဦးဆောင်ကျင်းပခဲ့ကြသည်။