Fellowship & Gathering and Donation – IYCAP (Mon)

Fellowship & Gathering and Donation – IYCAP (Mon)
Fellowship & Gathering and Donation – IYCAP (Mon)

Apr 27, 2020

Fellowship & Gathering and Donation – IYCAP (Mon)

ငြိမ်ဖောင်ဒေရှင်း၏ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) က လူငယ်များ မိတ်သဟာယတွေ့ဆုံခြင်းနှင့် လှူဒါန်းခြင်း အစီအစဥ် (Fellowship & Gathering and Donation) ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငြိမ်းဖောင်ဒေးရှင်း ရုံး၌ ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် မွန်ပြည်နယ် (၁၀) မြို့နယ်ရှိ ပြည်ပနိုင်ငံများမှ ပြန်လာသောသူများအား စောင့်ကြည့် ထားရှိသော Quarantine Center များတွင် ကူညီဆောင်ရွက်ပေးနေသော လူငယ်ရေးရာကော်မတီအား လက်ရှိအရေးပေါ် လိုအပ်လျက်သော PPE ဝတ်စုံများ၊ အပူချိန်တိုင်းကိရိယာများ၊ လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်းများအား မွန်ပြည်နယ် လူငယ်ရေးရာကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဤအစီအစဥ်တွင် ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ် ရုံးတာဝန်ခံ ဆရာမင်းအောင်ထူးနှင့် IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော မိဇင်ဝင်းမွန်၊ ကိုဝင်းသူအောင်တို့က ဦးဆောင်ကာ IYCAP Active Youth/ IYCAP IPB & HRT Alumni တို့ ပါဝင်ခဲ့ကြပါသည်။