Fellowship & Gathering – IYCAP (Bago)

Fellowship & Gathering – IYCAP (Bago)
Fellowship & Gathering – IYCAP (Bago)

Jun 15, 2020

Fellowship & Gathering – IYCAP (Bago)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်ရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” ၏ ပဲခူးတိုင်းဒေသကြီးတွင် ရှိသော IYCAP Alumni/Active Youth များ ၎င်းတို့၏ နေအိမ်မှနေ၍ Zoom နည်းပညာအသုံးပြုကာ မိတ်သဟာယ (Fellowship & Gathering) အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် ပဲခူးတိုင်းအတွင်းမှ IYCAP Alumni/Active Youth များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၄)ဦး၊ စုစုပေါင်း (၁၄) ဦး ပါဝင်ခဲ့ကြပါသည်။

အစီအစဥ်တွင်  တက်ရောက်လာသူများက တစ်ဦးချင်း နှုတ်ခွန်းဆက်မိတ်ဆက်ခဲ့ကြပြီး COVID-19 ဖြစ်ပေါ်နေစဥ် ကာလအတွင်း မိမိတို့ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအား မျှဝေခဲ့ကြပါသည်။ ထို့နောက် အွန်လိုင်းပေါ်မှ သတင်းအချက်အလက် အမှားများ အချို့ကြောင့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခ လှုံ့ဆော်မှုများ ဖြစ်ပေါ်ခြင်း ရှိ မရှိကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး အစီအစဉ်တွင် ပါဝင်ကြသူများမှ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေး သတင်းစကား ပြန့်ပွားနိုင်စေရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစီအစဥ်ကို ပဲခူးခရိုင်အတွင်းရှိ  IYCAP စီမံကိန်းမှ Alumni/ Active Youth လူငယ်များ ပူးပေါင်း၍ COVID-19 ဖြစ်ပွားနေစဥ်ကာလအတွင်း IYCAP Alumni/Active Youth များအကြား တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ဘဲ ရင်းနှီးချစ်ခင်မှု ရှိနေစေရန်၊ လူငယ်များအကြား အချင်းချင်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်းနှင့်  Zoom Application အသုံးပြုခြင်းဆိုင်ရာ နည်းပညာများ တိုးတက် သိရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း(Area Coordinator)၊ မခွါညိုသင်း(Assistant Area Coordinator) တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။