Fellowship, Gathering & Donation (Kayin)

Fellowship, Gathering & Donation (Kayin)
Fellowship, Gathering & Donation (Kayin)

Jul 6, 2020

Fellowship, Gathering & Donation (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်သည့် အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းသည် ယုံကြည်မှုပေါင်းစုံလူငယ်များ မိတ်သဟာယဖွဲ့ခြင်းနှင့် လှူဒါန်းခြင်းအစီအစဉ်အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်တွင် ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်တွင် COVID-19 ကပ်ရောဂါကာလအတွင်း အမှန်တကယ် လိုအပ်လျက်ရှိသော သက်ကြီးရွယ်အို အဘိုးအဘွား (၃၀) ဦးအား အစားအသောက်များ (ဆန်၊ ဆီ၊ ဆား)၊ ဆေးဝါးနှင့် Mask များ လှူဒါန်းခြင်း၊ ဘာသာပေါင်းစုံမှ လူငယ်များ အတူတကွပူးပေါင်းပါဝင်ပြီး သဟဇာတရှိစွာ လက်တွဲနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်နေမှုများအား မိတ်ဆက်ပြောကြားခြင်း၊ အဘိုးအဘွားများအား ယုံကြည်မှုပေါင်းစုံလူငယ်များက အတူတကွ ဂါဝရပြုကန်တော့ခြင်းနှင့် အဘိုးအဘွားများထံမှလည်း မေတ္တာပို့ ဆုတောင်းပေးမှုကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များက ခံယူခဲ့ကြပါသည်။     

အဆိုပါအစီအစဉ်တွင် ဘားအံမြို့ရှိ IYCAP Alumni များနှင့် Active Youth များ ပါဝင်ခဲ့ကြပါသည်။