Fellowship & Gathering Program in Kayin State

Fellowship & Gathering Program in Kayin State
Fellowship & Gathering Program in Kayin State

Oct 22, 2019

Fellowship & Gathering Program in Kayin State

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက် (စနေနေ့) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊  ဇွဲကပင်ကုန်း၊ အမှတ် (၉) ရပ်ကွက်ရှိ Forest in Town စားသောက်ဆိုင်၌ IYCAP Alumni လူငယ်များနှင့် မိတ်ဖက်ကွန်ရက်အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်တွေ့ဆုံ၍ မိတ်သဟာယအစီအစဥ်ကို IYCAP စီမံကိန်းက စီစဉ်ပြုလုပ်ခဲ့ပါသည်။

Alumni လူငယ်များနှင့် ကွန်ရက်အဖွဲ့များမှ လူငယ်များအချင်းချင်း မိတ်သဟာယ ဖွဲ့နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာစေရန်၊ Alumni အသစ်နှင့် အဟောင်းများ ပိုမိုရင်းနှီးမှုတည်ဆောက်နိုင်ရန်၊ အသင်းအဖွဲ့တည်ဆောက်မှုအား  ပိုမိုခိုင်မာလာစေရန်နှင့် လူငယ့်စကားဝိုင်း တစ်ခုဖန်တီးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဥ်တွင် ဘာသာတရားနှင့် လူငယ်စကားဝိုင်းအစီအစဥ်အဖြစ် ဘာသာတရားနှင့် ပက်သက်၍ ယုံကြည်မှုပေါင်းစုံသော လူငယ်များအချင်းချင်း အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ခဲ့သည့်အပြင် မိတ်သဟာယဖွဲ့ ဆော့ကစားခြင်း၊ အတူတကွ တေးသီချင်းများ သီဆိုခြင်းတို့ဖြင့် ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ပါသည်။