Gender Equality and Inclusion Strategy Workshop

Gender Equality and Inclusion Strategy Workshop
Gender Equality and Inclusion Strategy Workshop

Sep 13, 2019

Gender Equality and Inclusion Strategy Workshop

ငြိမ်းဖောင်ဒေးရှင်း ဂျဲန်ဒါတန်းတူညီမျှရေးနှင့် ပါဝင်စေရေးမဟာဗျူဟာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့၊ ငြိမ်းဖောင်ဒေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Oxfam မှ ဆရာမ Camilla Price (Gender Advisor for Durable Peace Program) က ဦးဆောင်ပံ့ပိုး၍ ငြိမ်းဖောင်ဒေးရှင်းမှ ဂျဲန်ဒါအလုပ်အဖွဲ့ (Gender Working Group) နှင့်အတူ ဂျဲန်ဒါတာဝန်ခံက ပံ့ပိုးကူညီပေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဘဏ္ဍာရေးတာဝန်ခံများ၊ လူ့အရင်းအမြစ်တာဝန်ခံနှင့် စီမံကိန်းတာဝန်ခံများ စုစုပေါင်း (၁၄) ဦးတို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။