Healing Resilience Training of Trainers

Healing Resilience Training of Trainers
Healing Resilience Training of Trainers

Aug 5 2019

Healing Resilience Training of Trainers

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အောင်မြေသာစည်အိမ်ရာရှိ ဆုံဆည်းဧဒင်သင်တန်းခန်းမနှင့် အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပိုးကရင်နှစ်ခြင်းအသင်းချုပ်၊ အစည်းအဝေးခန်းမတို့တွင် ကုစားခြင်းနှင့် သက်သာပျောက်ကင်းခြင်းဆိုင်ရာ ကူညီပံ့ပိုးသူဖြစ် သင်တန်းအား ပို့ချ လေ့ကျင့်ပေးခဲ့ပါသည်။

စီမံကိန်း ဝန်ထမ်းများအပါအဝင် စိစစ်ရွေးချယ်ထားသည့် သင်တန်းဆရာဖြစ်လာရန် အလားအလာရှိသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ် (၂၂) ဦးတို့ပါဝင်ခဲ့ပါသည်။ ကုစားခြင်းနှင့် သက်သာပျောက်ကင်းခြင်းဆိုင်ရာ အခြေခံအသိပညာများ ရရှိပြီးသော လူငယ်များအား ပြန်လည်ဝေမျှနိုင်သည့် အတွေးအမြင်စွမ်းရည်တိုးမြှင့်ပေးရန်နှင့် ကုစားခြင်း၊ သက်သာပျောက်ကင်းခြင်းဆိုင်ရာ ကူညီပံ့ပိုးသူများအဖြစ်သို့ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Healing Resilience Training of Trainers
Healing Resilience Training of Trainers