Interfaith Dialogue Training in Waingmaw

Interfaith Dialogue Training in Waingmaw
Interfaith Dialogue Training in Waingmaw

Oct 29, 2019

Interfaith Dialogue Training in Waingmaw

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆-၁၇) ရက်နေ့တို့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ Dialogue among Diversity (DaD) Alumni များ စုစုပေါင်း (၃၁) ဦး တက်ရောက်ပြီး ငြိမ်းချမ်းရေးသဘောတရားနှင့် စုံလင်ကွဲပြားခြင်းအကြား အပြန်အလှန်ဆွေးနွေးမှုဆိုင်ရာ စကားဝိုင်းသင်တန်းကို နှစ်ရက်တာ ဆောင်ရွက်ခဲ့ပါသည်။

ထိုအစီအစဉ်ကို Dialogue among Diversity (DaD) Alumni များမှ ဦးဆောင်ပံ့ပိုးခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံအသိပညာ၊ ပဋိပက္ခနှင့် Interfaith Dialogue အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းစဉ်သည် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၏ စွမ်းရည်မြှင့်တင်ခြင်း၊ ဘာသာရေးနှင့် စာပေယဉ်ကျေးမှု ခေါင်းဆောင်များနှင့် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ဒေသငြိမ်းချမ်းရေးအခြေအနေအား စကားဝိုင်းမှတစ်ဆင့် အတူတကွလေ့လာခြင်း အလေ့အထအား  အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။