Interfaith Peace Building Multiplier Training – IYCAP (Kayin)

Interfaith Peace Building Multiplier Training – IYCAP (Kayin)
Interfaith Peace Building Multiplier Training – IYCAP (Kayin)

Dec 16, 2019

Interfaith Peace Building Multiplier Training – IYCAP (Kayin)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းမှ ဆရာဖြစ်သင်တန်းဆင်း လူငယ်များမှ ဦးဆောင်ပြုလုပ်သည့် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး အသိပညာပေး အမြင်ဖွင့် ဆင့်ပွားသင်တန်းအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကမော့ကဆင်ကျေးရွာရှိ အဂ္ဂါဗေနှစ်ခြင်းအသင်းတော်ဘုရားကျောင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်မှ (၁၃) ရက်နေ့အထိ (၃) ရက်ကြာ ပြုလုပ်ခဲ့ပါသည်။

ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးတည်ဆောက်ခြင်းအခြေခံသဘောများကို လူငယ်များသိရှိနားလည်စေရန်၊ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း သဘောတရားများကို သိရှိလာစေရန်၊ မိမိတို့ကိုယ်တိုင်လေ့လာထားသော ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း သဘောတရားများကို ပြန်လည်ဝေမျှခွင့်ရရန်၊ လူငယ်များသည် မိမိတို့ယုံကြည်သက်ဝင်မှုနှင့်ပတ်သက်ပြီး ပိုမိုတန်ဖိုးထားတက်လာစေရန်နှင့် စစ်မှန်သော ဘာသာတရားအနှစ်သာရကို လေ့လာလိုစိတ်များရှိလာစေရန်၊ အမျိုးမျိုးသော ယုံကြည်သက်ဝင်မှုများနှင့် သက်ဝင်သူများအကြား အချင်းချင်း အပြန်အလှန် တန်ဖိုးထား နားလည်မှု ရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ယခုကျင်းပပြုလုပ်သော သင်တန်းကို ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ မိတ်ဖက်အနေဖြင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကရင်ပြည်နယ်ရှိ၊ မြို့နယ်(၇)မြို့နယ်မှ လူငယ်ရေးရာကော်မတီ လူငယ်များ တက်ရောက်ခဲ့ပါသည်။