Interfaith Peace Building Training – IPB1 – IYCAP (Mon)

Interfaith Peace Building Training – IPB1 – IYCAP (Mon)
Interfaith Peace Building Training – IPB1 – IYCAP (Mon)

Sep 4, 2020

Interfaith Peace Building Training – IPB1 – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်းအစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း IYCAP” သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၄ -၂၈) ရက်အထိ ၅ ရက်တာ “ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာသင်တန်း (Interfaith Peace Building – IPB_1 Training) ကို မွန်ပြည်နယ်၊ ရေးမြို့၌ ပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် ဗုဒ္ဓဘာသာဝင်မှ လူငယ်များ၊ ဟိန္ဒူဘာသာဝင်မှ လူငယ်များ၊ ခရစ်ယာန်ဘာသာဝင်မှ လူငယ်များနှင့် အစ္စလာမ်ဘာသာဝင်မှ လူငယ်များ၊ စုစုပေါင်း လူငယ် ၂၁ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ ဦးဆောင်သင်တန်းဆရာအဖြစ် ကိုသူရနိုင်နှင့် အထောက်အကူပြုဆရာအဖြစ် ကိုသီဟနှင့် ကိုဝင်းသူအောင်တို့က သင်တန်းကို ဦးဆောင်ပို့ချခဲ့ပါသည်။

သင်တန်းတွင် လူငယ်များသည် မိမိတို့ဘာသာတရားနှင့် ပတ်သက်သော အကြောင်းအရာများကို အပြန်လှန်လေ့လာခြင်းနှင့် သင်ယူရရှိခဲ့သော‌အကြောင်းအရာများကိုလည်း အပြန်အလှန် ဝေငှခြင်းဖြင့် လေ့လာမှုများကို လုပ်ဆောင်ခဲ့ကြပါသည်။ ထို့ပြင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်း အတူတကွ လေ့လာသင်ယူနိုင်ခဲ့ကြသည်။ သင်တန်းတွင် လူငယ်များအတွက် အပြန်အလှန် ရင်းနှီးမှုနှင့် ယုံကြည်မှုများကို တည်ဆောက်နိုင်ဖို့ရန်အတွက် မိတ်သဟာယအစီအစဉ်များကိုလည်း လုပ်ဆောင်ဆောင်ခဲ့ပါသည်။