Nov 23, 2020
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂) ရက်တွင် Zoom Application ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် “ယုံကြည်မှုပေါင်းစုံလူငယ်များ အပြန်အလှန်ဆွေးနွေးခြင်း စကားဝိုင်း (Interfaith Youth Dialogue)” အစီအစဥ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ IYCAP IPB/HRT Alumni နှင့် Active Youth တို့နှင့်အတူတကွ ပြုလုပ်ကျင်းပခဲ့ကြသည်။
အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ငြိမ်သက်စွာ ဆုတောင်းမေတ္တာပို့သခြင်း၊ Dialogue ၏ အခြေခံသဘောတရားများကို ဝေမျှခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း၊ ဘာသာတူရာလူငယ်များ အုပ်စုဖွဲ့၍ မိမိတို့၏ ဘာသာတရား အခြေခံသဘောတရားအကြောင်း ဆွေးနွေးဝေမျှခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း စကားဝိုင်း (Dialogue) သဘောတရားအားဖြင့် မိမိတို့ သိရှိလိုသော ဘာသာတရားများအကြောင်းကို အပြန်အလှန် မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ပါဝင်သူ တစ်ဦးချင်းစီ Inner Dialogue အား လက်တွေ့လေ့ကျင့်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ကြပါသည်။
လူငယ်များအကြားတွင် Dialogue သဘောတရားအား သိရှိနားလည်ပြီး အပြန်အလှန်ဆွေးနွေးခြင်း စကားဝိုင်းအလေ့အထ (Dialogue Culture) ကို လက်ခံကျင့်သုံးတတ်လာစေရန်၊ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လူငယ်များ ပွင့်လင်းလွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်ရန်၊ လူငယ်များအချင်းချင်း ဘာသာတရားများအား အပြန်အလှန် သင်ယူလေ့လာခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ဤအစီအစဥ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အစီအစဥ်တွင် အမျိုးသား (၁၆) ဦး ၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း တက်ရောက်သူ (၂၆) ဦးတက်ရောက်ခဲ့ကြပါသည်။ ဤအစီအစဥ်ကို ကိုဝင်းကျော်ထွေး (Project Officer)၊ မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်၍ ပြုလုပ်ကျင်းပခဲ့ပါသည်။