Nov 23, 2020
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည်နှစ်၊ နို၀င်ဘာလ (၁၄) ရက်တွင် ကရင်ပြည်နယ်အတွင်းရှိ IYCAP Alumni နှင့် Active Youth များပါဝင်၍ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ အမြင်ဖွင့်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
အစီအစဥ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းအစီအစဉ်တွင် ပါဝင်မည့် လူငယ်များအား “မတူကွဲပြား တန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား” စာတန်းပါ နှာခေါင်းစည်း (Masks) များကို ပေးဝေခဲ့ပြီး လူငယ်များမှ ၎င်းတို့နှင့် နီးစပ်ရာ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အပေါင်းအသင်းများအား ထပ်ဆင့် ပေးဝေခဲ့ပါသည်။ ထို့နောက် Zoom Application ကိုအသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် အစီအစဉ်အား ပြန်လည်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။
ဤအစီအစဥ်အား COVID-19 ကပ်ရောဂါကာကွယ်မှုတွင် လူငယ်များ တထောင့်တနေရာမှ ပါ၀င်ကူညီနိုင်ရန်၊ “မတူကွဲပြား တန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား” စာသား၏ အနှစ်သာရကို အများပြည်သူမှ နားလည်လက်ခံလာနိုင်စေရန်နှင့် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို အများပြည်သူများမှ အသိအမှတ်ပြုလာနိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
ဤအစီအစဥ်ကို မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် ယုံကြည်မှုပေါင်းစုံမှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၇) ဦးတို့ ပါဝင်ခဲ့ကြပါသည်။