Interfaith Peace Campaign – IYCAP (Kayin)

Interfaith Peace Campaign – IYCAP (Kayin)
Interfaith Peace Campaign – IYCAP (Kayin)

Jul 7, 2020

Interfaith Peace Campaign – IYCAP (Kayin)

ယုံကြည်မှုပေါင်းစုံ တန်ဖိုးထားမှုများအား သိရှိနိုင်စေရန် ရည်ရွယ်၍ ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း အစီအစဥ်၏ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP)” စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့၌ ကရင်ပြည်နယ်၊ ဘားအံမြို့မှ IYCAP Alumni များနှင့် Active Youth (၃) ဦး၊  ကျုံဒိုးမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူငယ် (၂) ဦးတို့ ပါဝင်ကြလျက် ကျုံဒိုးမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ လူကြီးများနှင့် တွေ့ဆုံကာ အမြင်ဖွင့်မိတ်ဆက်ခြင်းအစီအစဉ်အား ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ကော့ကရိတ်မြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးဆောင်သူများ၊ ကော့ကရိတ်မြို့နယ်ရှိ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ လူကြီးမင်းများ၊ လူငယ်များ၊ IYCAP Alumni များ၊ Active Youth များ ပါဝင်တွေ့ဆုံကာ အစီအစဥ်အား ကော့ကရိတ်မြို့၌ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ အစီအစဥ်တွင် IYCAP Alumni နှင့် Active Youth များပါ၀င်ကြပြီး  ကျား (၉) ဦး၊ မ (၆) ဦး၊ စုစုပေါင်း (၁၅) ဦးတို့ ပါဝင်ခဲ့ကြပါသည်။

အစီအစဥ်တွင် အချင်းချင်းအပြန်အလှန်မိတ်ဆက်ခြင်း၊ “COVID-19 ကပ်ရောဂါကာလ” အတွင်း အခြေအနေများ၊ ကူညီပံ့ပိုးကူညီမှုအခြေအနေများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၏ အခန်းကဏ္ဍများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လက်ရှိအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ကြပြီး “မတူကွဲပြားတန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား”ဟူသော IYCAP စီမံကိန်း၏ ဆောင်ပုဒ်ပါရှိသော အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ “COVID-19 ကပ်ရောဂါ” မှ အတူတကွဖြတ်ကျော်နိုင်ကြရန် မေတ္တာပို့ ဆုတောင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် လူငယ်များနှင့် အဖွဲ့အစည်းများထံသို့လည်း ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးသတင်းစကားအား လက်ဆင့်ကမ်းမျှဝေခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။