Interfaith Peacebuilding & Dialogue Facilitation Training – DaD

Interfaith Peacebuilding & Dialogue Facilitation Training – DaD
Interfaith Peacebuilding & Dialogue Facilitation Training – DaD

Feb 22, 2020

Interfaith Peacebuilding & Dialogue Facilitation Training – DaD

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်သည့် အစီအစဉ်၏ စီမံကိန်းတစ်ခုဖြစ်သော Dialogue among Diversity (DaD)  စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက် နေ့အထိ (၁၁) ရက်တာ “Interfaith Peacebuilding and Dialogue Facilitation” သင်တန်းကို မြစ်ကြီးနားမြို့မှ (၁၁) မိုင်အကွာ နောင်နန်းကျေးရွာရှိ ငြိမ်းချမ်းရေးဂေဟာ (နောင်နန်း) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းသင်တန်းသို့ မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ လူမှုရေးလုပ်ငန်းများတွင် ဆက်ကပ်ပါဝင်နေသော လူငယ် ၃၀ ဦး (ကျား-၁၈ ၊ မ-၁၂ ) တို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ငြိမ်းဖောင်ဒေးရှင်းမှ ဉီးတူးဂျာ၊ (Monitoring and Evaluation Coordinator) က “ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာ”၊ Jason Research Center မှ ပါမောက္ခ ဒေါက်တာစောလှိုင်ဘွား က “Interfaith Dialogue ဆိုင်ရာ အသိပညာ”၊ ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်သည့် အစီအစဉ်မှ အစီအစဉ် မန်နေဂျာ ဒေါ်လွမ်ရာ က “Dialogue Facilitation ဆိုင်ရာအသိပညာ”နှင့် ပေါင်းစည်းဧရာမှ Project Coordinator ကိုဇော်မွန်းအောင် က “ပံ့ပိုးသူ (Facilitator) သိသင့်သိထိုက်သည့် အကြောင်းအရာများ” အား ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါသင်တန်းသည် ဘာသာတရား၏ တန်ဖိုးထားမှု၊ စာပေယဉ်ကျေးမှု၏ တန်ဖိုးထားမှုများအား ယုံကြည်မှုပေါင်းစုံမှ လူငယ်များ အချင်းချင်းလေ့လာကာ တန်ဖိုးထားအလေးထားတတ်လာစေရန်နှင့် မတူကွဲပြားသည့် အမြင်များအား လေးစားမှုကို အခြေပြုပြီး အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အထရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော သင်တန်းဖြစ်ပါသည်။