Interfaith Peacebuilding (Multiplier) Training – IYCAP (Kayin)

Interfaith Peacebuilding (Multiplier) Training – IYCAP (Kayin)
Interfaith Peacebuilding (Multiplier) Training – IYCAP (Kayin)

Nov 29, 2019

Interfaith Peacebuilding (Multiplier) Training – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောက်ရွက်ခြင်း စီမံကိန်း(IYCAP) မှ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး အသိပညာပေး အမြင်ဖွင့် ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့အထိ (၃) ရက်ကြာပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် လှိုင်းဘွဲ့လူငယ်ကွန်ရက်မှ လူငယ်များ၊ လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာနေ လူငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်အချို့ တက်ရောက်ခဲ့ကြပါသည်။

လူငယ်များအနေဖြင့် ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခြေခံသဘောများကို သိရှိနားလည်စေရန်၊ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၏ သဘောတရားများကို သိရှိလာကြပြီး ပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာ နေထိုင်ရပ်တည်လာနိုင်စေရန်၊ ဆရာဖြစ်သင်တန်းဆင်း ယုံကြည်မှုပေါင်းစုံလူငယ်များမှ မိမိတို့ကိုယ်တိုင် လေ့လာထားသော ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးတည်ဆောက်ခြင်း၏ သဘောတရားများကို ပြန်လည်မျှဝေခွင့်ရရန်၊ လူငယ်များသည် မိမိတို့ယုံကြည်သက်ဝင်မှုနှင့် ပတ်သက်ပြီး ပိုမို တန်ဖိုးထားတတ်လာစေရန်နှင့် စစ်မှန်သောတရားအနှစ်ကို ရှာဖွေလိုစိတ် ရှိလာစေရန်၊ အမျိုးမျိုးသော ယုံကြည်သက်ဝင်မှုများနှင့် သက်ဝင်သူများအကြား အချင်းချင်းအပြန်အလှန်တန်ဖိုးထား နားလည်မှုရှိလာစေရန်နှင့် မိမိတို့ဒေသအတွင်း နေထိုင်ကြသောလူငယ်များအကြား သဟဇာတဖြစ်စွာ နေထိုင်နိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။