Interfaith Peacebuilding Multiplier Training – IYCAP (Mon)

Interfaith Peacebuilding Multiplier Training – IYCAP (Mon)
Interfaith Peacebuilding Multiplier Training – IYCAP (Mon)

Dec 18, 2019

Interfaith Peacebuilding Multiplier Training – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းမှ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေး အသိပညာပေး အမြင်ဖွင့်ဆင့်ပွားသင်တန်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ရွှေပြည်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၃) ရက်တာကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ ကျိုက်မရောမြို့နယ်မှ ယုံကြည်မှုပေါင်းစုံ လူငယ် (၁၈) ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းအား မွန်ပြည်နယ်အတွင်းရှိ ယုံကြည်မှုပေါင်းစုံလူငယ်များသည် ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အသိပညာများအား သိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များ အချင်းချင်းရင်းနှီးမှုရရှိပြီး ဘာသာတရားများ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်မှုများရရှိစေပြီး အချင်းချင်းအကြား ယုံကြည်မှုပိုမိုတည်ဆောက်လာနိုင်စေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များသည် ငြိမ်းချမ်းရေးအသိပညာများအား သိရှိသွားပြီးနောက် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်း ပထမနေ့တွင် ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ် ရုံးခွဲတာဝန်ခံ ဆရာ မင်းအောင်ထူးက ငြိမ်းဖောင်ဒေးရှင်းအကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပြီး သင်တန်းအား ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးတည်ဆောက်ရေး ဆရာဖြစ်သင်တန်းဆင်းမှ လူငယ် (၄) ဦးတို့က ဦးဆောင်သင်ကြားခဲ့ပါသည်။