Interfaith Peacebuilding Training – IYCAP (Mon)

Interfaith Peacebuilding Training – IYCAP (Mon)
Interfaith Peacebuilding Training – IYCAP (Mon)

Mar 17, 2020

Interfaith Peacebuilding Training – IYCAP (Mon)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းမှ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးသင်တန်း (Interfaith Peacebuilding Training) ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရွှေပြည်ဧည့်ရိပ်သာတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များ၊ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီမှ လူငယ်များမှ ယုံကြည်မှုပေါင်းစုံလူငယ် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း (၁၉) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်ခန်းစာများအပြင် လူငယ်များအချင်းချင်း မိတ်သဟာယ အစီအစဉ်များ၊ ရင်းနှီးမှုနှင့် ယုံကြည်မှုများ တည်ဆောက်ခြင်းစသည့် အစီအစဉ်များကိုလည်းပြုလုပ်ခဲ့ကြသည်။

အဆိုပါသင်တန်းအား ယုံကြည်မှုပေါင်းစုံမှ လူငယ်များအချင်းချင်းကြား ဘာသာတရားများ အကြောင်းအား ဆွေးနွေးဖလှယ်ခြင်းနှင့် လေ့လာသင်ယူမှုများကို လုပ်ဆောင်နိုင်ရန်၊ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ အချင်းချင်းကြားတွင် ရင်းနှီးမှုများ ရရှိလာပြီး ယုံကြည်မှုများ တည်ဆောက်လာနိုင်စေရန်၊ လူငယ်များအချင်းချင်းကြားတွင် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များ အချင်းချင်းအကြား ပူးပေါင်းလှုပ်ရှားမှု အစီအစဥ်များ အားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ငြိမ်းဖောင်ဒေးရှင်းမှ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးသင်တန်းဆရာ ဦးသူရနိုင်၊  မွန်ပြည်နယ် စီမံကိန်းနယ်မြေညှိနှိုင်းရေးမှူး ဖြစ်သည့် မိဇင်ဝင်းမွန်နှင့် တွဲဖက်သင်တန်းဆရာအဖြစ် IPB Alumni ကိုသီဟတို့က ဦးဆောင်ကျင်းပခဲ့ပါသည်။