Interfaith Youth Forum

Interfaith Youth Forum
Interfaith Youth Forum

Oct 8, 2019

Interfaith Youth Forum

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်း ဆောင်ရွက်ခြင်းစီမံကိန်း (IYCAP) မှ ဆဋ္ဌမအကြိမ်မြောက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များငြိမ်းချမ်းရေးဖိုရမ်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေရှိ 21 Paradise Hotel ၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်မှ (၄) ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုဆဋ္ဌမအကြိမ်မြောက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များငြိမ်းချမ်းရေးဖိုရမ်သို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ IYCAP Alumni များ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာ) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

ဖိုရမ် ပထမနေ့တွင် ငြိမ်းဖောင်ဒေးရှင်းမှ ဒါရိုက်တာ (အစီအစဉ်စီမံထောက်ပံ့) ဖြစ်သူ ဒေါ်စုစုဝေ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မွန်ပြည်နယ်လွှတ်ဒေါ် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ဂုဏ်ပြုစကားပြောကြားခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာ) အဖွဲ့ဝင် ဦးစိုးဝင်း က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်း က အဖွင့်အမှာစကား ပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ဖိုရမ် ပထမနေ့ နံနက်ပိုင်း ပထမအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။

ဖိုရမ် ပထမနေ့ နံနက်ပိုင်း ဒုတိယအစီအစဉ်အဖြစ် “ဘာသာတရားနှင့် ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းအစီအစဉ်ကို ပါဝင်ဆွေးနွေးသူများနေဖြင့် အရှင်မေဓာနန္ဒ (မြောင်းမြဆရာတော်)၊ သိက္ခာတော်ရဆရာတော် ဆရာကြီးစောရွှေလင်းနှင့် ဆရာဦးအုန်းသောင် (ဒုဥက္ကဋ္ဌ – မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့)တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး Moderator အနေဖြင့် ဒေါ်လွမ်ရာ (အစီအစဉ်မန်နေဂျာ၊ ငြိမ်းဖောင်ဒေးရှင်း) က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် “မတူကွဲပြား တန်းဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား” ခေါင်းစဉ်ဖြင့် ငြိမ်းဖောင်ဒေးရှင်း၏ အကြံပေးဘုတ်အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက ဆွေးနွေးပေးခဲ့ပါသည်။ ဆက်လက်ပြီး “ဘာသာတရားနှင့် ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် IYCAP Alumni လူငယ်များ ဖြစ်သည့် စောဒံယေလ၊ ကိုဟိန်းရာဇာ၊ မစန်းနီလာဦးနှင့် ကိုအောင်သီဟတို့က စကားဝိုင်းဆွေးနွေးမှုဖြင့် ဆွေးနွေးခဲ့ကြပြီး Moderator အနေဖြင့် မချမ်းမြေ့ကြည်ဖြူက တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ အစီအစဉ်များအပြီးတွင် အုပ်စုဖွဲ့ဆွေးနွေးသည့် အစီအစဉ်အား ပြုလုပ်ခဲ့ပြီး ဦးဆောင် ပံ့ပိုးသူအနေဖြင့် ငြိမ်းဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တာဝန်ခံ ဆရာမင်းအောင်ထူးက တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

ဖိုရမ် ဒုတိယနေ့ နံနက်ပိုင်းတွင် Fellowship & Gathering အစီအစဉ်အနေဖြင့် စက်စဲကမ်းခြေတစ်လျှောက် အမှိုက်ကောက်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် IYCAP ၏ Interfaith လုပ်ငန်းများချဉ်းကပ်ဆောင်ရွက်မှုများနှင့် အခြားသော အဖွဲ့အစည်းများ၏ Interfaith လုပ်ငန်းများချဉ်းကပ်ဆောင်ရွက်နေမှု အခြေအနေများကို အုပ်စုဖွဲ့ဆွေးနွေးမှုပုံစံဖြင့် ပြုလုပ်ခဲ့ပါသည်။ မွန်းလွဲပိုင်းအစီအစဉ်အနေဖြင့် “မတူကွဲပြားသောဘာသာတရားနှင့် ယုံကြည်သူများအကြား လူမှုသဟဇာတဖြစ်မှု အခြေအနေကိုသုံးသပ်ခြင်း” အစီအစဉ်အား ဆရာမလွမ်ရာက ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များငြိမ်းချမ်းရေးဖိုရမ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။