Interfaith Youth Peace Forum (Kayin)

Interfaith Youth Peace Forum (Kayin)
Interfaith Youth Peace Forum (Kayin)

Dec 21, 2019

Interfaith Youth Peace Forum (Kayin)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်)၊ လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်) နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ မိတ်ဖက်အဖြစ် အတူပူးပေါင်း၍ ဒုတိယအကြိမ် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (ကရင်ပြည်နယ်) အား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များ ပြုစုပျိုးထောင်သည့် အစီအစဉ်မှ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကို စတင်ခဲ့ပါသည်။ ၎င်းနောက် ငြိမ်းဖောင်ဒေးရှင်းမှ ကရင်ပြည်နယ် အကြံပေးအဖွဲ့ဝင် ဦးစောကျော်စွာ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်) ဉက္ကဋ္ဌ ဉီးမြတ်စိုး က လူငယ်များအား အားပေးစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ ဖိုရမ်သို့ တက်ရောက်လာသော ဘာသာအသီးသီးမှ ဆရာတော်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်) မှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်) မှ တာဝန်ရှိသူများ၊ IYCAP Alumni များ၊  ကျောင်းသားသမဂ္ဂမှ လူငယ်များနှင့် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ မိတ်ဆက်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ် IYCAP Alumni များက အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ဖိုရမ်သို့ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

နံနက်ပိုင်းတွင်ပင် ဒုတိယပိုင်း အစီအစဉ်အနေဖြင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီမှ သိက္ခာတော်ရ ဒေါက်တာအေးမင်းက “မတူကွဲပြား တန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား” ခေါင်းစဉ်ဖြင့် လူငယ်များအား ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။

မွန်းလွဲပိုင်း အစီအစဉ်တွင် ကရင်ပြည်နယ် IYCAP Alumni များသည် “မငြိမ်းချမ်းလို့မဖြစ်ဘူး” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘိုဘိုဝေမောင် က လူငယ်များအား တိုက်တွန်းအားပေးစကား ပြောကြားပေးခဲ့ပါသည်။

ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုကိုယ်စားလှယ် ကိုရန်နိုင်လင်း က မြန်မာနိုင်ငံ လူငယ်ရေး ရာမူဝါဒကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဘာသာအသီးသီး ကိုးကွယ်ယုံကြည်သော IYCAP Alumni များမှ “လူငယ်နှင့် ငြိမ်းချမ်းသော ဘာသာတရား” စကားဝိုင်းကို ပြုလုပ်ခဲ့ပြီး Moderator အဖြစ် ငြိမ်းဖောင်ဒေးရှင်းမှ IYCAP စီမံကိန်းအရာရှိ ဉီးသူရနိုင် က ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် Area Coordinator ဒေါ်သူသူထွေးက တစ်နေ့တာ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ငြိမ်းဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်ရုံးတာဝန်ခံ ဉီးစောစိန်ထွေး က ကျေးဇူးတင်စကားပြောကြားကာ ဒုတိယအကြိမ် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (ကရင်ပြည်နယ်) အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

See Gallery…