Networking Meeting with Hpa-An University Student’s Union – IYCAP

Networking Meeting with Hpa-An University Student’s Union – IYCAP
Networking Meeting with Hpa-An University Student’s Union – IYCAP

Dec 1, 2019

Networking Meeting with Hpa-An University Student’s Union – IYCAP

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များတစ်ဦးချင်း ဖွံ့ဖြိုးမှုဆိုင်ရာ စကားဝိုင်းအား လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်)၊ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ မိတ်ဖက်အနေဖြင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုကို ဘားအံတက္ကသိုလ်၊ အစည်းအဝေးခန်းမ (၁) တွင် မွန်းလွဲ (၂) နာရီ မှ ညနေ (၅) နာရီ အထိ ပြုလုပ်ခဲ့ပါသည်။

အစီအစဉ်တွင် ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်သည့် အစီအစဉ်၊ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာက ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ အစီအစဉ်သို့ တက်ရောက်လာသော ယုံကြည်မှုပေါင်းစုံမှ လူငယ်များဖြစ်သည့် တက္ကသိုလ်ကျောင်းသားများသည် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအသိပညာလေ့လာခြင်းနှင့် တစ်ဦးချင်း၊ မိသားစု၊ ကျေးရွာ၊ မြို့နှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား နှောင့်နှေးစေသည့် အကြောင်းအရာများကို လေ့လာသုံးသပ်ခြင်းမှတစ်ဆင့် တစ်ဦးချင်းစီအတွက် ဖွံ့ဖြိုးတိုးတက်စေနိုင်သော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခြင်းဖြင့် လေ့လာခဲ့ကြပါသည်။

အဆိုပါအစီအစဉ်သို့ ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်)၊ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် တက္ကသိုလ်ကျောင်းသားများ စုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ပါသည်။