Meeting with Youth Committee (Kayin) – IYCAP

Meeting with Youth Committee (Kayin) – IYCAP
Meeting with Youth Committee (Kayin) – IYCAP

Dec 1, 2019

Meeting with Youth Committee (Kayin) – IYCAP

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်းပါဝင်မှု စီမံကိန်း (IYCAP) နှင့် လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်) တို့ တွေ့ဆုံနှီးနှောဖလှယ်ခြင်း အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲ နံနက်ပိုင်းအစီအစဉ်တွင် ကရင်ပြည်နယ်၊ လူငယ်ရေးရာကော်မတီ ဉက္ကဋ္ဌ၊ လူမှုရေးဝန်ကြီးမှ လူငယ်များအတွက် လုပ်ငန်းအကောင်အထည် ဖော်ဆောင်မှုတွင် တစိုက်မတ်မတ် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းအားပေးစကား ပြောကြားပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်အား ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီမှ အတွင်းရေးမှူး နန်းထက်ထက်လင်းစိုးက ဉီးဆောင်ဆွေးနွေးပေးခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အား လေ့လာသုံးသပ်ခြင်းနှင့် ငြိမ်းဖောင်ဒေးရှင်းအကြောင်း အကျဉ်းအားမိတ်ဆက်တင်ပြခြင်းကို ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်းအစီအစဉ်၊ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာက ငြိမ်းချမ်းရေး သဘောတရားများကို ဆွေးနွေးတင်ပြပေးခဲ့ကာ လူငယ်များမှ အပြန်အလှန်မေးခွန်းများဖြင့် မေးမြန်းကာ နှီးနှောဖလှယ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းအစီအစဉ်တွင်  လူငယ်ရေးရာမူဝါဒရှိ အခန်းကဏ္ဍဖြစ်သော (ဍ) ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးတွင် လူငယ်များလေ့လာလိုသည့် အခန်းကဏ္ဍ၊ နယ်ပယ်များနှင့် လုပ်ငန်းစဉ်များအား မြို့နယ်အလိုက် အုပ်စုဖွဲ့ ဆွေးနွေးဖော်ထုတ်ခဲ့ပါသည်။ အစီအစဉ်တွင် ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် (၇) မြို့နယ်မှ  (ဘားအံ၊ မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နှင့် လှိုင်ဘွဲ့) လူငယ်ရေးရာကော်မတီဝင် ကျား (၂၀) ဉီး၊ မ (၈) ဉီး (စုစုပေါင်း- ၂၈ ဉီး) တို့တက်ရောက်ခဲ့ပါသည်။

လူငယ်ရေးရာကော်မတီ (ကရင်ပြည်နယ်) အနေဖြင့် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊  အဆိုပါအစီအစဉ်ပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး ကရင်ပြည်နယ်၊ လူငယ်ရေးရာကော်မတီနှင့် ငြိမ်းဖောင်ဒေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။