Dec 4, 2020
SuN-Live စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော Out of School Children အတွက် လစဉ်အစီစဉ်ခံစာ လုပ်ဆောင်နိုင်ရန် ၂၄.၁၁.၂၀၂၀ တွင် Zoom Application ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် Consultation Meeting ကို ၁၀ နာရီ မှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို Consultant ဆရာမ Esther Jeyang က ဦးဆောင်ခဲ့ပြီး မြစ်ကြီးနားမှ စေတနာ့ဝန်ထမ်း (၅) ဦး၊ ဝိုင်းမော်မြို့နယ်မှ စေတနာ့ဝန်ထမ်း (၇) ဦး၊ စီမံကိန်းဝန်ထမ်း (၆) ဦးဖြင့် စုပေါင်းတက်ရောက်သူ (၁၉) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ထူးခြားသော ဖြစ်စဉ်များ၊ အကြောင်းအရာများ၊ မိမိတို့ကိုယ်တိုင် ဆောင်ရွက်မှုအပေါ် ကျေနပ်အားရမှု၊ အောင်မြင်မှုများ၊ ပူးပေါင်းပါဝင်သည့် ကလေးများနှင့်ပတ်သက်၍ ကျေနပ်အားရမှု၊ အောင်မြင်မှုများ၊ ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် တုံ့ပြန်ဖြေရှင်းမှုများကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။