Monthly Dialogue Meeting (Kayin) – Sone Yat

Monthly Dialogue Meeting (Kayin) – Sone Yat
Monthly Dialogue Meeting (Kayin) – Sone Yat

Dec 4, 2020

Monthly Dialogue Meeting (Kayin) – Sone Yat

ဆုံရပ်စီမံကိန်းမှ ဒုတိယအကြိမ် ဆုံရပ်စကားဝိုင်း (ကရင်ပြည်နယ်) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ သောကြာနေ့၊ နံနက် (၉) မှ ညနေ (၄) နာရီထိ Zoom Application ကိုအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။

အဆိုပါစကားဝိုင်းတွင် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်နယ်အစိုးရရုံးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာမ၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းဖောင်ဒေးရှင်း၏ ပြည်နယ်အကြံပေးအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များ၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရပ်ရွာခေါင်းဆောင်များ၊ လူငယ်အဖွဲ့နှင့် အမျိုးသမီးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဒေသခံမီဒီယာများ တက်ရောက်ပါဝင်ခဲ့ကြပါသည်။

ဤဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ အနာဂတ်ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုတွင် လူငယ်များ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို အားပေးမြှင့်တင်သည့် ကိစ္စရပ်များအား အလွတ်သဘော ဖလှယ်ဆွေးနွေးနိုင်ရေးပင်ဖြစ်ပါသည်။